Pages

Monday, March 8, 2010

မြီကြီးကနိန် သတ္တုတိ ရယူခြင်း

ကျနော်ရို့ ရခိုင်ပြည်ရေ စိုက်ပျိုးရေးကို အဓိကအားပြုရေ ပြည်တစ်ခုဖြစ်ပါရေ။ ယေကေလေ့ အခြားတစ်ဘက်မှာ တခြားစက်မှုလုပ်ငန်းတိလည်း ဟိနိန်ဖို့လိုပါရေ။ အရာရာတိုင်းကို တခြားပြည်က ၀ယ်ယူနိန်ရစွာက မကောင်းပါ။ ဗမာလူမျိုးတိ၏ လူမျိုးကြီးဝါဒကြောင့် တခြားတိုင်းရင်းသားတိနာင့်အတူတူ ရခိုင်ပြည်ရေ ချွတ်ခြုံကျနိန်ရပါရေ။ ရခိုင်ပြည်မှာ အကြီးစားစက်မှုလုပ်ငန်းဆိုလို့ မဟိသလောက်ပါ။ ရခိုင်ပြည်၏ ထုတ်နိုင်စွမ်းအား (productivity) တိုးတက်ဖို့၊ ရခိုင်သားတိ အလုပ်အကိုင်အခွင့်အလမ်း ရဟိဖို့၊ ရခိုင်မိသားစုတိလူမှုဘ၀ ဖူလုံဖို့၊ အသိပညာသျှင် အတတ်ပညာသျှင်တိ တိုးထွက်လာနိုင်ဖို့အတွက် နောင်အချိန်လုပ်ပိုင်ခွင့်ဟိလာရေခါ လက်ဟိလုပ်ငန်းတိကို အေထက်ပိုကောင်းအောင်၊ မဟိသိရေ လုပ်ငန်းတိကို စတင်ကြိုးစားတည်ထောင်နိုင်အောင် ကြိုးစားကတ်ရဖို့ ဖြစ်ပါရေ။ ယင်းပိုင်သျှင် အေဂုကတည်းကပင် လေ့လာဂတ်ရဖို့ဖြစ်ပါရေ။ ရခိုင်မျိုးဆက်သစ်လူငယ်တိရေ ကိုယ်စိတ်ဝင်စားစွာ ကိုယ်ဝါသနာပါစွာတိကို တစ်ယောက်တစ်ခုစီရာ လေ့လာဂတ်ဖို့ဆိုကေ နောင်ရခိုင်ပြည်အတွက် ပန်းပေါင်းစုံရေ ဥယျာဉ်ကြီးတစ်ခုကို ဖန်တီးနိုင်ဖို့ဖြစ်ပါရေ။

ရခိုင်ပြည်၏ အကြီးစားစက်မှုလုပ်ငန်းတိ ထွန်းကားလာဖို့အတွက် အယင်ဆုံးကိုယ့်မြီ၊ ကိုယ့်ရီမှာ ဇာဟိလဲ ဆိုစွာကို သိနိန်ကတ်ဖို့လိုပါရေ။ ရခိုင်ပြည်၏ ရီ၊ မြီ၊ ကျောက်အမျိုးအစား၊ သဲအမျိုးအစား စရေ ရခိုင်ပြည်ဖွဲ့စည်းဖြစ်တည်လာမှုတိကို သိပ္ပံနည်းကျ အသေးစိတ်လေ့လာကတ်ရဖို့ဖြစ်ပါရေ။ ယင်းလေ့လာချက်တိက ရဟိလာရေ တွိဟိချက်တိအပေါ်မှာ မူတည်ပြီးကေ ကမ္ဘာ့ဈီးကွက်မှာ ရီရှည်အမြတ်ကောင်းနိုင်ဖို့ ပစ္စည်းတိ၊ ကုန်ချောတိကို ထုတ်နိုင်အောင် ကြိုးစားကတ်ရဖို့ဖြစ်ပါရေ။ အကြီးစားစက်မှုလုပ်ငန်းမှာ သံ စရေ သတ္တုတိရေ အဓိကအရေးပါရေ အခြေခံအရာဝတ္တုတိဖြစ်ပါရေ။ ယင်းအတွက်ကြောင့် အေဆောင်းပါးမှာ မြီကြီးက သတ္တုရိုင်းတိကို သတ္တုစစ်ဖြစ်အောင် ဇာပိုင်လုပ်ကတ်လေဆိုရေ အခြေခံသတ္တုတူးဖော်သန့်စင်ရေးလုပ်ငန်းအကြောင်းကို တစေ့တစောင်း တင်ပြလားပါမေ။

ကမ္ဘာ့မြီကြီးထဲကနိန် သတ္တုစစ်တိကို အဆင်သင့် တွိရခဲပါရေ။ တခါတလီမှရာ တွိရတတ်ပါရေ။ ဥပမာ- ၁၈၆၉ ခုနှစ်က တွိဟိခရေ ပေါင်၁၅၄ (၆၉ ဒသမ ၉၂ ကီလို)ဟိ ရွှေခဲတုံးပိုင်ပါ။ ယင်းရွှေခဲကို သြစတေးလျနိုင်ငံက ၀ီတိုရိယဒေသမှာ တွိဟိခစွာဖြစ်ပါရေ။ ယင်းပိုင်ပျာယ် ၁၈၅၆ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်မှာ တန်၅၀၀ ဟိရေ ကြေးနီတုံးကြီးကိုလည်း တွိဟိခပါရေ။

များသောအားဖြင့် သတ္တုအများစုရေ ၄င်းရို့၏ ပုံသဏ္ဍာန်အစစ်အမှန်ကို မဆောင်ပဲ အညစ်အကြေးတိနာင့် ဖုံးကွယ်ဗြီးကေ မှေးမှေးမိန်မိန် ဟိနိန်တတ်ပါရေ။ အောက်စီဂျင်၊ ဆာလဖာ၊ ကာဗွန်နာင့် တခြားဒြပ်စင်(element)တိနာင့် ရောယှက်ဗြီးကေ သတ္တုရိုင်း(ore)တိ သဏ္ဍာန် ဟိနိန်တတ်ပါရေ။ ယင်းသတ္တုရိုင်းတိရေ ကျောက်(rock)ပုံစံလိုလို မြီသားလိုလို ဟိနိန်တတ်ပါရေ။

ယင်းအတွက်ကြောင့် သတ္တုစစ်တိကို ရယူဖို့အတွက် ပထမဦးဆုံးအနိန်နာင့် မိမိလိုချင်ရေသတ္တုကို တူးခါပါလာရေ မြီသားတိ၊ ကျောက်ခဲလုံးချေတိကနိန် ခွဲယူရပါရေ။ ယင်းပိုင်ခွဲယူဖို့အတွက် သုံးရေ နည်းကလည်း သတ္တုအမျိုးအစားကို လိုက်လို့ ကွဲပြားပါရေ။ ယင်းကွဲပြားရေ နည်းလမ်းတိထဲက တစ်ခုကို ခဲ(lead)သတ္တုတူးဖော်ရေ လုပ်သားတစ်ယောက်၏ မယားက တွိဟိခပါရေ။ ယင်း မ,မ ရေ လင်သည်အင်းကျီကိုဖွတ်နိန်ယင်းနာင့် သပုန်မြှပ်ဘူပေါင်းတိထဲမှာ ခဲသတ္တုအစအနချေတိ ကပ်နိန်စွာကို တွိစွာကနိန် စခစွာပါ။ ယင်းနည်းအရ အမြှပ်ထွက်စီရေ အရည်တစ်ခုကို သုံးဗြီးကေ သတ္တုအမှုန်ချေတိကို အမြှပ်လီဘူပေါင်းတိထဲမှာ ကပ်နိန်စီပါရေ။ တခြား မလိုရေ အညစ်အကြေးတိကို စွတ်စိုစီဗြီးကေ အောက်ကို အနည်ထိုင်လားအောင်လုပ်ပလိုက်ပါရေ။ ယေခါ သတ္တုနာင့် အညစ်အကြေး ခွဲပြီးသားဖြစ်လားခပါရေ။
ယင်းပိုင်ခွဲဗြီးခါမှ အမြှပ်တိကို ဆယ်ယူပြီးကေ အခြောက်ခံခြင်းဖြင့် တန်ဖိုးဟိရေ သတ္တုစင်တိကို ရယူပါရေ။ အထက်ပါနည်းကို ခဲနာင့်ကြေးနီတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီတိမှာ သုံးစွာကို တွိရပါရေ။

သတ္တုရိုင်းကနိန် သတ္တုစင်ကို ရယူဖို့အတွက် မီးအပူကိုလည်း သုံးကတ်ပါရေ။ ယင်းနည်းကို မီးပြင်းတိုက်နည်း (smelting) လို့ခေါ်ပါရေ။ ယင်းနည်းကို ရိခေတ်ကလူတိ တွိဟိခစွာဖြစ်ပါရေ။ သတ္တုရိုင်းကို မီးပုံထဲကို ပစ်ချလိုက်ကေ ပျော့ရဲရဲအရည်တစ်ခု ကျန်လိုက်စွာကို ယင်းခေတ်က တွိခကတ်ပါရေလတ်။ ယင်းချင့်ကို လိုချင်ရေ ပုံစံကို ပုံသွင်းရိုက်နှက်လို့ ရကြောင်း တဖြည်းဖြည်း သိဟိလာကတ်ပါရေလတ်။ ယင်းပိုင်နာင့် နောက်ပိုင်းမှာ လူတိရေ လက်နက်တိ၊ လူအသုံးအဆောင်တိ၊ ဒိုင်းကာတိ ရအောင် ပြုလုပ်ဖန်တီးလာကတ်ပါရေလို့ လေ့လာသိဟိရပါရေ။ ရိဟောင်း အီဂျစ်နိုင်ငံမှာ ယင်းမီပြင်းတိုက်နည်းကို သုံးဗြီးကေ ကြေးနီကို ရယူခကတ်တေလို့ မှတ်တမ်းမှတ်ရာတိက ဆိုပါရေ။ ယင်းနောက်ပိုင်းမှာ ကမ္ဘာ့လူသားတိက ကကောင်းအသုံးဝင်ရေ သံ(iron)ကိုလည်း ယင်းနည်းကိုပျာယ် သုံးဗြီးကေ ရယူလာကတ်ပါရေ။ အလယ်ခေတ်(Middle Ages, အေဒီ ၅ ရာစုကနိန် ၁၆ရာစုထိ)ကိုရောက်လာရေခါ အင်းဂလိပ်တိရေ မီးပြင်းဖို(furnace)ကို သုံးလာကတ်ပါရေ။ သတ္တုတိကို ထည့်လိုက်ကေ အသံတိ တပြောင်းပြောင်း မြည်တတ်တေ ယင်းမီးပြင်ဖိုတိရေ အပြင်ကို အပူထွက်လားခြင်းတိကို ဟန့်တားထားဗြီးကေ မီးဖိုထဲအပူချိန်ကို မြင့်မားစီနိုင်ရေအတွက်ကြောင့် ပိုဗြီးကေ အကျိုးဟိစွာကို တွိလာကတ်ပါရေ။ အပူပြင်းရေခါ ထည့်လိုက်တေ သတ္တုရေ ပျော့လို့ခွေလို့ လားရုံမကပဲ သတ္တုပျော်ရည်တောင် ဖြစ်လားစွာကို တွိကတ်ရပါရေ။ ယင်းသတ္တုပျော်ရည်ကို လိုချင်ရေ ပုံသဏ္ဍာန်အမျိုးအစားရအောင် ပုံသွင်းကတ်ပါရေ။ ယင်းပိုင်နာင့် သတ္တုနာင့်ပြုလုပ်တေ လူ့အသုံးအဆောင်ပစ္စည်းတိလည်း ပိုလို့တွင်ကျယ်လာပါရေ။

မြီကြီးထဲမှာ တည်ဟိနိန်ရေ သံရိုင်း(iron ore)ကို ဓာတုဗေဒ အခေါ်အဝေါ်အရ အိုင်ရင်းအောက်ဆိုဒ်(Iron oxide)လို့ ခေါ်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ သံ သတ္တုစင်ရေ သဘာဝအရ အောက်စီဂျင်နာင့် ပေါင်းဗြီးကေ တည်ဟိနိန်လို့ဖြစ်ပါရေ။ သံရိုင်းကို မီးပြင်းတိုက်လိုက်တေခါ သံရိုင်းထဲမှာဟိနိန်ရေအောက်စီဂျင်အက်တမ်တိရေ သံသတ္တုစင်ကနိန် ကွဲထွက်လားဗြီးကေ ကာဗွန်သတ္တုဖြစ်တေ မီးဖိုက မီးသွီးခဲတုံးမှာလက်ငြိပါရေ။ ယေခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုဖြစ်ပေါ်စီဗြီးကေ မီးခိုးတိအဖြစ်လွင့်ထွက်လားပါရေ။ ယင်းမီးပြင်းတိုက်ခြင်း၏ အဆုံးမှာ ရလဒ်အဖြစ် သံ က သတ္တုစင်အဖြစ် ကျန်ရစ်ခပါရေ။

နောက်ပိုင်းခေတ်မီလာကတ်တေခါ မီးသွီးခဲအစား coke လို့ခေါ်ရေ မီးသွီးခဲတစ်မျိုးကို သုံးလာကတ်ပါရေ။ Bituminous coalလို့ခေါ်ရေ ကျောက်မီးသွီးက ထွက်ဟိလာရေ Cokeရေ သာမန်မီးသွီးခဲထက် ပိုအားကောင်းပါရေ။ ယင်းအတွက်ကြောင့် နောက်ပိုင်းမှာ သံထုတ်လုပ်တေ မီးဖိုတိရေ coke ကိုအသုံးပြုလာကတ်ပြီးကေ တစ်နိန့်ကို တန်ထောင်ပေါင်းများစွာဟိရေ သံတိကို ထုတ်လုပ်လာကတ်စွာကို တွိရပါရေ။

မီးပြင်းတိုက်လိုက်လို့ ထွက်ဟိလာရေ သံအမျိုးအစားကို အင်းဂလိပ်အခေါ်အဝေါ်အရ pig iron လို့ ခေါ်ပါရေ။ ယေကေလေ့ ယင်းသံမှာ ကာဗွန်တိ ပါနိန်တတ်လို့ စံမမှီရေ သံသတ္တုရာ ဖြစ်နိန်တတ်ပါရေ။ ယင်းအတွက်ကြောင့် စံညွှန်းမှီ သတ္တုဖြစ်အောင် ပြောင်းလဲတတ်ကတ်ပါရေ။ ဥပမာ - Pig ironမှာ ပါနိန်ရေ ကာဗွန်တိတချို့ကို စုစုပေါင်းအလီးချိန်၏ သုညဒသမ ၂ ရာခိုင်နှုန်းနာင့် ၂ ဒသမ ၁ ရာခိုင်နှုန်းကြားထိ လျှော့ချပြီးကေ တခြား သတ္တုတိနာင့် ရောတတ်ပါရေ။ ယေခါ တံတာဘောင်ကြီးတိ၊ အဆောက်အဦးစရေ နိန်ရာတိမှာ အသုံးများရေ သံမဏိ(steel)ကို ရဟိပါရေ။ ကာဗွန်နာင့်တခြားသတ္တုတိပါဝင်မှုနှုန်းအပေါ်မူတည်ပြီးကေ ထွက်ဟိလာရေ သံမဏိအမျိုးအစားကလည်း ကွဲပြားပါရေ။ သံက ပြောင်းလဲရဟိရေ သတ္တုစပ်(alloy)ထဲမှာ သံမဏိက အရေးကြီးဆုံးတစ်ခုလို့ ပြောလို့ရပါရေ။

နောက်တနည်းကတော့ pig ironကို cast ironအဖြစ်ကို ပြောင်းလဲစွာပါ။ ပါဟိရေ ကာဗွန်ပါဝင်မှုနှုန်းကို လိုချင်ရေ ပမာဏအထိ လျှော့ချပြီးကေ ဆီလီကွန်သတ္တုနာင့် ရောပါရေ။ ယေဗြီးခါမှ လိုချင်ရေ လူ့အသုံးအဆောင် ပစ္စည်းတိရအောင် ပုံသွင်းရယူကတ်ပါရေ။ ဥပမာ - စက်သီးrimတိ၊ ဂီယာတိ၊ ရီပိုက်လိုင်းတိမှာ သုံးစွာ သံမျိုးပါ။ ဗမာပိုင်တော့ သံကြွပ်လို့ ဘာသာပြန်ကတ်ပါရေ။

အလူမီနီယမ်သတ္တုဆိုကေလည်း သဘာဝမှာ အောက်စီဂျင်နာင့် ပေါင်းဗြီးကေ ဘော်ဇိုက်(bauxite)လို့ခေါ်ရေ သတ္တုရိုင်းအဖြစ် တည်ဟိနိန်တတ်ပါရေ။ အလူမီနီယမ်ရေ ကမ္ဘာ့အထက်မြီမျက်နှာ၏ ၈ ရာခိုင်နှုန်းကို နိန်ရာယူ ထားကေလေ့ ၁၉ရာစုနှောင်းပိုင်းအထိ အလူမီနီယမ်ကို ထုတ်လုပ်မှုမပြုခကတ်ပါ။ ဇာဖြစ်လို့လဲဆိုကေ အလူမီနီယမ်နာင့် ဟိနိန်ရေ အောက်စီဂျင်ကို ခွဲထုတ်ဖို့အတွက် စွမ်းအင်အများအပြားလိုအပ်လို့ဖြစ်ပါရေ။ သံ၏ အရည်ပျော်မှတ်ရေ ၂၉၀၀ ဒီဂရီဖာရင်ဟိုက် (၁၆၀၀ ဒီဂရီစင်တီဂရိတ်) ဟိဗြီးကေ အလူမီနီယမ်၏ အရည်ပျော်မှတ်ရေ ၃၆၀၀ ဒီဂရီဖာရင်ဟိုက် (၂၀၀၀ ဒီဂရီစင်တီဂရိတ်)ထိ ဟိပါရေ။ ယင်းအတွက်ကြောင့် ပိုပြင်းရေ အပူချိန်အတွက် စွမ်းအင်အများကြီး လိုအပ်ခြင်းဖြစ်ပါရေ။ လိုအပ်တေ စွမ်းအင်သုံးစွဲမှုတိကို ရှောင်ရှားနိုင်အောင်အတွက် cryoliteလို့ခေါ်ရေ ဆိုဒီယမ် အလူမီနီယမ် ဖလူအိုရိုက်ဒ်ကို အလူမီနီယမ်နာင့် အောက်စီဂျင်ရောနိန်ရေ သတ္တုရည်ထဲကို ထည့်စီပါရေ။ ယင်းပိုင်ထည့်လိုက်ခြင်းက အရည်ပျော်မှတ်ကို ၁၈၀၀ ဒီဂရီဖာရင်ဟိုက် (၁၀၀၀ ဒီဂရီစင်တီဂရိတ်)ထိ လျော့ကျစီဗြီးကေ စွမ်းအင်အရင်းအမြစ်တိကို သက်သာစီပါရေ။

အလူမီနီယမ်သတ္တုကို ခွဲယူဖို့အတွက် electrolysis လို့ခေါ်ရေ လျှပ်စစ်သုံးဓာတ်ခွဲခြင်း စနစ်ကို သုံးပါရေ။ ယင်းနည်းအရ လျှပ်စစ်ကာရန့်ကို အလူမီနီယမ်နာင့် အောက်စီဂျင်ရောနိန်ရေ သတ္တုရည်ထဲကို ဖြတ်သန်းလားစီပါရေ။ ယင်းပိုင်ဖြတ်သန်းခြင်းက အောက်စီဂျင်တိကို ဖယ်ရှားပိုက်စီဗြီးကေ အလူမီနီယမ်သတ္တုရည်ကို ကျန်ရစ်စီပါရေ။

ရွှေကိုတော့ခါ ဓာတုဗေဒနည်းစနစ်တိနာင့် တခြားနည်းသစ်တိ သုံးဗြီးကေ ရွှေရိုင်းတိကနိန်တဆင့် ရယူကတ်ပါရေ။ တချို့ရွှေအစအနတိရေ ချောင်းတိ၏ အောက်ခြေမှာ ဟိနိန်တတ်ပါရေ။ အခက်အခဲက ယင်းဟိနိန်ရေ ရွှေစရွှေနတိကို တခြားမလိုအပ်တေ အရာဝတ္ထုတိအများကြီးကနိန် ခွဲခြားယူရခြင်းဖြစ်ပါရေ။ ယင်းချင့်ကို ရွှေကျင်ခြင်း (Gold Panning)လို့ ခေါ်ပါရေ။ ရွှေရေ သဲတိ၊ ကျောက်ခဲချေတိထက် သိပ်သည်းဆ(density)များရေ အတွက် ရွှေကျင်ရေ ဗန်း၏အောက်ခြီမှာစီ ကျန်နိန်တတ်ပါရေ။ ယေခါ မလိုအပ်တေ သဲတိ၊ ကျောက်ခဲချေတိကို အလွယ်တကူဖယ်ရှားနိုင်ခြင်းဖြင့် ရွှေကို ရယူခြင်းဖြစ်ပါရေ။ ယေကေလေ့ လက်တွိမှာ ရွှေရနည်းဗြီးကေ လူ၏အားစိုက်မှု အများကြီးလိုပါရေ။ ယင်းအတွက်ကြောင့် ဓာတုဗေဒနည်းနာင့် တခြားနည်းတိကို ဆန်းသစ်ဗြီးကေ ရွှေများများ ရဟိအောင် စီမံလာကတ်ခြင်းဖြစ်ပါရေ။ ရိခေတ်တိကဆိုကေ သိုးမွှီးတိကို သုံးဗြီးကေ ရွှေစရွှေနချေတိကို ယှာဖွေခကတ်တေလို့လည်း မှတ်တမ်းတိက ဆိုပါရေ။

ဓာတုဗေဒနည်းအရ ရွှေကိုရယူရေခါ ပထမဆုံးအနိန်နာင့် ဟိရေ ရွှေရိုင်းတုံးကို အမှုန့်ချေပလိုက်ပါရေ။ ယေဗြီးခါ ရွှေကို ပျော်ဝင်စီရေ ပိုတက်ဆီယမ် ဆိုင်ယင်နှိုက်ဒ်(potassium cyanide) အရည်နာင့် ရောစပ်စီပါရေ။ ရောစပ်လို့ရလာရေ အရည်ထဲကမှ မလိုလားအပ်တေ အရာတိကို စစ်ယူထုတ်(filter)ပါရေ။။ ဗြီးခါမှ စစ်ဟတ်(filter)ကို ဖြတ်ဗြီးကေ စီးထွက်လာရေ အရည်ကို အနည်ကျစီပါရေ။ ယင်းအရည်ကို ရွှေသန့်စင်စက်ရုံကို ပို့ဗြီးကေ မလိုလားအပ်တေ အညစ်အကြေးတိကို ထပ်ဗြီးကေ သန့်စင်ပါရေ။ နောက်ဆုံးမှာ ရွှေတုံး(Gold brick)တိကို ရဟိပါရေ။ အကြမ်းအားဖြင့် ပြောရကေ ၁ တန်ဟိရေ ရွှေရိုင်းတုံးကမှ ၁၀ ဂရမ် (သုညဒသမ ၃၃ အောင်စ)ဟိရေ ရွှေချေကို ရဟိပါရေ။

အထက်ကဖော်ပြခါရေနည်းကို Cyanide Leaching (ဆိုင်ယင်နှိုက်ဒ်နာင့် ချွတ်ယူခြင်း)လို့ ခေါ်ပါရေ။ အေနည်းရေ သုံးရလွယ်ကူရေအတွက် လူကြိုက်များပါရေ။ ၁၉၈၀နောင်းပိုင်းမှာ ကမ္ဘာ့ရွှေဈီးကလည်း တက်လာရေအတွက် ရွှေထုတ်လုပ်နှုန်းလည်း တက်လာပါရေ။ နောက်တစ်ဘက်မှာ ဆိုင်ယင်နှိုက်ဒ်နာင့် ချွတ်လိုက်လို့ ထွက်လာရေ အညစ်အကြေးတိကလည်း များလာပါရေ။ ယင်းအညစ်အကြေးတိထဲမှာ အဆိပ်ပြင်းရေ အရာတိ ပါဝင်ပါရေ။ ဆိုင်ယင်နှိုက်ဒ် ဒြပ်ပေါင်းတိဆိုကေ တိရိစ္ဆာန်တိ၊ ဂေဟစနစ်တိအတွက် ကောင်းအန္တာရာယ်များပါရေ။ ယင်းအတွက်ကြောင့် ယင်းအညစ်အကြေးတိကို စနစ်တကျ စွန့်ကြဲဖို့လိုအပ်ပါရေ။ ကမ္ဘာ့ရွှေအထုတ်ဆုံးနိုင်ငံတိကတော့ခါ တောင်အာဖရိကနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ မက်စီကို၊ ပီရူး၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ နာင့် ရရှားနိုင်ငံရို့ဖြစ်ပါရေ။

မှီငြမ်း
1. Reader's Digest, A Fascinating Journey Through the World of Human Ingenuity: How Pure Metals Are Won from the Earth, Reader's Digest Fund for the Blind, New York, 1990.
2. Wikipedia, Gold Mining, http://en.wikipedia.org/wiki/Gold_mining, accessed on February 20, 2010.
3. Ven, Chris Van de; Gold Extraction Using Cyanide Leaching, http://tc.engr.wisc.edu/uer/uer97/author4/index.html, accessed on February 27, 2010.
4. How Stuff Works, How Gold Works: Gold Extraction, http://science.howstuffworks.com/gold4.htm, accessed on February 27, 2010.
5. Wikipedia, Cast Iron, http://en.wikipedia.org/wiki/Cast_iron, accessed on February 27, 2010.
6. Wikipedia, Steel, http://en.wikipedia.org/wiki/Steel, accessed on February 27, 2010.

0 comments:

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial