Pages

Tuesday, December 15, 2009

ကမ္ဘာမှာ ဆားအငန်ဆုံးရီဟိရေ ဒေသတိက ဇာမှာပါလဲ

ကမ္ဘာမှာ ဆားအငန်ဆုံးရီကို အန္တာတိကတိုက်က ထူးထူးခြားခြား ရီခဲမဖုံးပဲကျန်နိန်ရေ မက်မာဒို(McMurdo) တောင်ကြားဒေသမှာ တွိဟိရပါရေ။ ဒင်ဟွန်(Don Juan Pond)လို့ခေါ်ရေ ကန်ကရီရေ ကမ္ဘာ့သမုဒ္ဒရာရီ၏ ဆားငန်နှုန်းထက် ၁၈ဆ ပိုများရေလို့ ပြောကတ်ပါရေ။ ယေကေလေ့ နောက်ဆုံးသိရရေ အချက်အလက်တိအရ ယင်းကန်ရေ နိန်ရာစိကေကလွဲလို့ တခြားနိန်ရာအားလုံးနီးပါးမှာ ရီခန်းခြောက်လား ခပျာယ်လို့ သိဟိရပါရေ။

အန္တာတိကတိုက်ကလွဲပြီးကေ တခြားကမ္ဘာ့ဒေသတိထဲက အငန်ဆုံးရီအိုင်ကို ပြပါဆိုကေ ဂျီဘော့တီနိုင်ငံ (Djibouti) အလယ်ပိုင်းက အာဆဲလ်အိုင် (Lake Assal) ကိုပြရဖို့ဖြစ်ပါရေ။ ယင်းအိုင်မှာဟိရေ ရီ၏ဆားပါဝင်နှုန်းရေ ၃၄ ဒသမ ၈ ရာခိုင်နှုန်း ဟိပါရေ။ သာမန်ပင်လယ်ရီ၏ ဆားပါဝင်နှုန်းရေ ၃ ဒသမ ၅ ရာခိုင်နှုန်းပဲ ဟိပါရေ။ ယင်းအတွက်ကြောင့် အာဆဲလ်အိုင်က ရီရေ ပင်လယ်ဆငန်ရီထက် ၁၀ ဆက်နီးပါး ပိုငန်ရေလို့ ပြောရပါဖို့။ ယင်းအိုင်၏ အနက်ကတော့ခါ အနက်ဆုံးနိန်ရာမှာ ပေ ၁၃၀ ပဲဟိပါရေ။

ကမ္ဘာ့အနက်ဆုံး ဆားငန်အိုင်ကိုတော့ခါ ဂျော်ဒန်နိုင်ငံနာင့် အစ္စရေးနိုင်ငံနယ်စပ်မှာ တွိရပါရေ။ ခြောက်သွေ့ဒေသက ကုန်းတွင်းပိုင်းမှာဟိရေ ယင်းအိုင်ကို Dead Sea လို့ခေါ်ပါရေ။ Dead Seaရေ အိုင်ဖြစ်ကေလေ့ ငန်လွန်းလို့ ”အိုင်”လို့ ခေါ် ဖို့အစား ”ပင်လယ်” (ဆားပင်လယ်)လို့ ခေါ်ကတ်စွာလို့ သိရပါရေ။ ယင်းအိုင်ကရီ၏ ဆားငန်နှုန်းကတော့ သာမန်ပင်လယ်ရီမှာပါရေ ဆားငန်နှုန်းထက် ၈ ဆလောက်များပါရေ။ (ယင်းအတွက်ကြောင့်လည်း သတ္တ၀ါတိ မရှင်သန်နိုင်လို့ Dead Sea ”အသီပင်လယ်”လို့ နာမေပီးကတ်ခြင်းဖြစ်ပါရေ။) ယင်းရီမှာ ပျော်ဝင်နိုင်ရေအစိုင်အခဲ(dissolved solids)တိ ပျော်ဝင်နိန်ပြီးကေ ယင်းအိုင်က ရီတိ၏ ၃၃ ရာခိုင်နှုန်းကို နိန်ရာယူထားပါရေ။ ယင်းအတွက်ကြောင့် ယင်းရီ၏ သိပ်သည်းဆ (density)ရေ သာမန်ထက် အဆပေါင်းအများကြီး များနိန်ပြီးကေ လူတစ်ယောက်ကို ရီမှာ ပေါလောပေါ်နိန်စီနိုင်ပါရေ။

မှတ်ချက်။ ။ ဆငန်ရီမှာ လူပေါလောပေါ်စွာကို Dead Sea ကိုလားစရာမလိုဘဲ နောက်တစ်နည်းစမ်းသပ်လို့ ရပါရေ။ သောက်ရီခွက်နှစ်ခွက်ကို ယူပါ။ ပြီးကေ တစ်ခွက်ကို ရိုးရိုးရီနာင့် ဖြည့်ပြီးကေ နောက်တစ်ခွက်ကို ဆငန်ရီနာင့်ဖြည့်ပါ။ ပြီးကေ ကြက်ဥနှစ်လုံးကို ယင်းခွက်နှစ်ခွက်ထဲကို ထည့်လိုက်ပါ။ ရိုးရိုးရီခွက်ထဲက ကြက်ဥရေ မြုပ်ပြီးကေ ဆငန်ရီထဲက ကြက်ဥရေ ရီထက်မှာ ပေါ်စွာကို တွိရပါလိမ့်မေ။

0 comments:

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial