Pages

Wednesday, December 16, 2009

နယူးကလီးယား စွမ်းအင်

အကျွန်ရို့အချေခါက သိပ္ပံဘာသာရပ်မှာ သင်ခရပါရေ။ “အရာဝတ္တုအားလုံးကို ကောင်းအားကောင်းရေ မှန်ဘီလူးပါမှမြင်နိုင်ရေ၊ ကောင်းငယ်ရေအက်တမ်တိနာင့် ဖွဲ့စည်းထားရေ”လို့ သင်ခရပါရေ။ ယင်းချင့်ကို လူတိုင်းမှတ်မိကတ်ဖို့လို့ ထင်ပါရေ။ ယင်း ကကောင်းငယ်ရေ အက်တမ်၏ ခလယ်ဂေါင်မှာ နယူးကလီးယား(nucleus) ဟိရေဆိုစွာကိုလည်း သိကတ်ပါဖို့။ ယင်းနယူးကလီးယား ခလယ်ဂေါင်မှာ ဆက်လက်တည်မြဲတည်ဟိနိန်ဖို့ အလွန်တရာမှ အားကောင်းရေ အားတိက ထိန်းချုပ်ထားပါရေ။ ယင်းတွက်ကြောင့်လည်း နယူးကလီးယားကို ထက်ခြမ်းခွဲလိုက်ကေ အားတိအများကြီးပါရေ စွမ်းအင်ကို ထုတ်လွင့်ပီးပါရေ။ နယူးကလီးယားတစ်လုံးတည်းက ထုတ်လွတ်စွာ စွမ်းအင်တောင် ကကောင်းများပါရေ။ ယင်းပိုင်ပျာယ် နယူးကလီးယားအလုံးပေါင်းများစွာကို စိတ်ခြမ်းလိုက်ပြီးကေ ထုတ်လွှတ်လိုက်တေ စွမ်းအင်တိကို စုဆောင်းထားလိုက်ကေ လုပ်ငန်းကိစ္စတစ်ခုခုကို လည်ပတ်ပြီးမြောက်နိုင်ဖို့ “နယူးကလီးယား ဓာတ်အား” (nuclear power) ကို ရဟိပါရေ။

နယူးကလီးယားကို စိတ်ခြမ်းခြင်း
နယူးကလီးယားကို ဇာပိုင်စိတ်ခြမ်းလဲဆိုစွာကို ယှင်းပြဖို့အတွက်ကတော့ အခြေခံ အက်တမ်ဖွဲ့စည်းပုံကို စိကေချေ သိထားဖို့တော့ လိုပါဖို့။ (ဓာတုဗေဒ ကောင်းဆန်လားနိုင်လို့ စိတ်ရှည်ရှည်နာင့် ဖတ်ဖို့တော့ လိုပါဖို့။) အက်တမ်တစ်လုံးစီမှာ အီလက်ထရွန်တိ (electrons)နာင့် နယူးကလီးယားတစ်လုံးစီပါစော်ကို လူတိသိကတ်ပါဖို့။ ယေကေလေ့ နယူးကလီးယား၏အလီးချိန်(mass)ရေ ယင်းအက်တမ်တစ်ခုလုံး၏ အလီးချိန်အားလုံးနီးပါးလောက် ဟိနိန်ပါရေ။ တဘက်မှာ အက်တမ်တစ်ခုလုံး၏ထုထည်ရေ နယူးကလီးယား၏ ထုထည်ထက် အဆပေါင်း တစ်ထရီလီယံထိကြီးနိန်ပါရေ။ တနည်းအားဖြင့်ပြောရဖို့ဆိုကေ နယူးကလီးယားရေ ထုထည်ငယ်သလောက် အလီးချိန်က ကောင်းလီးပါရေ။ ယင်းပိုင် ကကောင်းငယ်ရေ နိန်ရာမှာ ကကောင်း ကြီးရေ အလီးချိန်ကို ထိန်းချုပ်ထားဖို့အတွက် ကကောင်းကြီးမားရေ အားတစ်ခုဟိနိန်လီရပါဖို့။ ယင်းအားကို “နယူးကလီးယားအား” (nuclear force) လို့ခေါ်ပြီးကေ ယင်းကြီးမားရေအားတိကို သဘာဝအလျေက် အံတုပြီးကေ အက်တမ်တစ်လုံးသူ့ဘာသာသူ ကွဲလားဖို့ ကောင်းခဲယဉ်းပါရေ။ (သိပ္ပံပညာရှင်တိ၏အဆိုအရ သဘာဝအလျောက် ယင်းပိုင်ကွဲလားခစွာရေ တစ်ခါတည်း ဟိဖူးရေလို့ ပြောပါရေ။ လွန်ခရေ နှစ်ပေါင်း ၂ ကုဋေ လောက်က အာဖရိကမှာ ယင်းပိုင် ယူရေနီယံအက်တမ်တစ်လုံး ကွဲဖူးရေလို့ ပြောကတ်ပါရေ။)

အားကောင်းရေ nuclear forcesတိကို စိတ်ခြမ်းဖို့စော်ရေ ကောင်းမလွယ်စော်ကိစ္စဖြစ်ပါရေ။ နယူကလီးယား၏ အရွယ်အစားကို မူတည်ပြီးကေ nuclear forcesတိလည်း ကွဲပြားရေ အတွက်နာင့် စိတ်ခြမ်းစွာမှာလည်း ဇာလောက်ခက်တေ ဇာလောက်လွယ်လေ ဆိုစွာလေ့ ဟိပါသိရေ။ နယူးကလီးယားအရွယ်အစားကြီးလီ nuclear forcesတိ အားနည်းလီဖြစ်ပါရေ။ ဥပမာ - ကာဗွန် (carbon)အက်တမ်တိမှာပါရေ နယူးကလီးယားအရွယ်အစားရေ ငယ်ရေအတွက်နာင့် အားကောင်းရေ nuclear forcesတိနာင့် ဖွဲ့စည်းထားပါ ရေ။ (ကာဗွန်၏ နယူးကလီးယားမှာ “နယူးကလီးယွန်း” (nucleons)လို့ခေါ်ရေ အမှုန်(particle)ချေ ၁၂လုံးပဲ ပါပါရေ။) ယင်းပိုင်သျှောင် ကာဗွန်မှာပါရေ နယူးကလီးယားကို စိတ်ခြမ်းရစွာလည်း ကောင်းခက်ပါရေ။

နယူးကလီးယားကို စိတ်ခြမ်းရေ လုပ်ဆောင်ချက်တစ်ခုလုံးကို အင်းဂလိပ်ပိုင် fissionလို့ ခေါ်ပါရေ။ fissionလုပ် ဖို့ နယူးကလီးယားစွမ်းအင်ထုတ်လုပ်ဖို့စက်ရုံမှာ U-235 လို့ခေါ်ရေ ယူရေနီယံ သတ္တုတစ်မျိုးလိုပါရေ။ U-235 ရေ အလွန်ရှားပါးရေ သတ္တုအမျိုးအစားတစ်ခုလည်း ဖြစ်ပါရေ။ U-235လို့ခေါ်ရေအတိုင်း ယင်းအက်တမ်၏ နယူးကလီးယားမှာ နယူးကလီးယွန်း၂၃၅လုံး ပါပါရေ။ သာမန်နယူးကလီးယား အရွယ်အစားနာင့် နှိုင်းယှဉ်လိုက် ကေ ကြီးရေလို့ ပြောရပါဖို့။ ယင်းအတွက်ကြောင့်လည်း nuclear forcesတိ အားနည်းလို့ စိတ်ခြမ်းရစွာမှာ တခြားအမျိုးအစားတိထက် ပိုလွယ်စွာပါ။ စိတ်ခြမ်းဖို့အတွက် သိပ္ပံပညာရှင်တိရေ “နယူထရွန်”(neutron) လို့ခေါ်ရေ အမှုန်ချေတိကို ယူရေနီယံထက်ကို ပစ်လွှတ်ရပါရေ။ ပစ်လွှတ်လိုက်တေ neutronsတိရေ U-235 မှာ ပါရေ နယူးကလီးယားကို လားတိုက်တေအခါ နယူးကလီးယား၏ ပုံသဏ္ဍာန်ရေ စက်ဝိုင်းပုံသဏ္ဍာန်ဟိနိန် စွာကနိန်ပြီးကေ ကြက်ဥပိုင် ဘေးကားထွက်ပြီးကေ ယောင်းလားပါရေ။ ယင်းပိုင် ဘေးကို ကားထွက်ယင်းနာင့်
တချိန်မှာ နယူးကလီးယားရေ နှစ်ခြမ်းကွဲလားပါရေ။

ယင်းပိုင်နှစ်ခြမ်းကွဲရေအချိန်မှာ အီလက်ထရွန် ဗို့ဒ်(volt) သန်း၂၀၀ နာင့်ညီမျှရေ စွမ်းအင်ကို ထုတ်လုပ်ပီး ပါရေ။ ယင်းစွမ်းအင်ကို ထိန်းသိမ်းပြီးကေ နယူးကလီးယားလျှပ်စစ်မီးထုတ်စက်ရုံကို လည်ပတ်စီပါရေ။ အက်တမ်တစ်လုံးမှာဟိရေ နယူးကလီးယားကို ထက်ခြမ်းခွဲလို့ ထွက်လာရေအားရေ ကျောက်မီးသွေးပါရေ အက်တမ်းတစ်လုံးကို မီးတိုက်လို့ထွက်လာရေ စွမ်းအင်ထက် အဆပေါင်း ၁၀ သန်းဝန်ကျင် ပိုများပါရေ။ တနည်းအားဖြင့်ဆိုကေ ယူရေနီယန် ၁ ကီလိုဂရမ် (၂ ဒသမ ၂ ပေါင်)ကို ထက်ခြမ်းခွဲလို့ ထွက်လာရေ နယူးက လီးယား စွမ်းအင်ရေ ၀ပ် ၁၀၀ ဟိရေ မီးလုံးကို နှစ်ပေါင်း ၆၉၀ ကြာအောင် မီးထွန်းနိုင်ပါရေ။

ကမ္ဘာတ၀ှမ်းက နယူးကလီးယား ဓာတ်အား
“နယူးကလီးယားဓာတ်အားကို အသုံးပြုပြီးကေ လျှပ်စစ်မီးအဖြစ်နာင့်သုံးလို့ရရေ” ဆိုရေ နည်းပိုင်ညာကို သိဟိလာကတ်စွာရေ နှစ်ပေါင်း ၅၀ ကျော်လာပျာယ်ဖြစ်ပါရေ။ တခြားစွမ်းအင် အရင်းအမြစ်တိဖြစ်တေ ကျောက်မီးသွေး၊ ရေအားလျှပ်စစ်၊ ရီနံဆီတိနာင့် နှိုင်းယှဉ်လိုက်ကေတော့ မကြာသိလို့ ပြောရပါဖို့။ (နာမေကြီး ရီအားလျှပ်စစ်စက်ရုံးကြီးတစ်ခုဖြစ်တေ “ဟူဗာ”ဆည် (Hoover Dam) ရေအားလျှပ်စစ်စက်ရုံကို ၁၉၃၀ ၀န်းကျင်က စတင်ဆောက်လုပ်ခပါရေ။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံကို ၁၈၀၀ ခုနှစ်နှောင်းပိုင်းမှာ တည်ဆောက်ခကတ်ပါရေ။ ) နယူးကလီးယား လျှပ်စစ်စက်ရုံ (nuclear power plant)အများစုကို ၁၉၆၀၊ ၁၉၇၀ နှစ်တိက စတင်အကောင်အထည်ဖော်ခ ကတ်ပါရေ။ ဓာတ်ပေါင်းဖို အများစုကတော့ အမေရိကန်ပြည်ထောင်စုနာင့် အနောက်ဥရောပဒေသတိမှာ တည်ဟိကတ်ပါရေ။ အမေရိကန်ပြည်ထောင်စု၏ အသစ်ဆုံး နယူးကလီးယားလျှပ်စစ်စက်ရုံကတော့ ၁၉၉၆ခုနှစ်က စတင်လည်ပတ်ခပါရေ။

ယေကေလေ့ ကမ္ဘာ့လျှပ်စစ်မီးထုတ်လုပ်ရေးစက်ရုံအများစုရေ ကျောက်မီးသွေးသုံးတိ ဖြစ်ပါရေ။ ယူရေနီယံကို စိတ်ခြမ်းပြီးကေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တေ စက်ရုံတိမဟုတ်ကတ်ပါ။ ယေကေလေ့ လွန်ခရေ နှစ်ပေါင်း၃၀နာင့် ယှဉ်ကြည့်လိုက်ကေတော့ နယူးကလီးယားစွမ်းအင်ကို ပိုထုတ်လာကတ်တေလို့ ဆိုရပါဖို့။ ၁၉၇၁ ခုနှစ်၊ နယူးကလီးယားလျှပ်စစ်စက်ရုံတိ စတင်ထွန်းကားရေခေတ်က နယူးကလီးယားစွမ်းအင်ရေ ကမ္ဘာ့လျှပ်စစ်မီးသုံးစွဲမှု၏ ၂ ဒသမ ၁ ရာခိုင်နှုန်းကိုရာ ပံ့ပိုးပီးခပါရေ။ ယင်းနောက်ပိုင်းမှာ ကမ္ဘာ့စွမ်းအင် သုံးစွဲမှု ကလည်း အဆပေါင်းအများကြီးထိုးတက်လာခလို့ နယူးကလီးယားစွမ်းအင်အသုံးပြုမှုကလည်း များပြားလာ လတ်ပါရေ။ အဂုဆိုကေ ကမ္ဘာ့တ၀ှမ်းလျှပ်စစ်မီးလိုအား၏ ၁၆ ရာခိုင်နှုန်းကို နယူးကလီးယားလျှပ်စစ်မီးစက်ရုံတိ က ဖြည့်ဆည်းပီးနိန်ကတ်ရပါရေ။

ကမ္ဘာတစ်ခုလုံးမှာ နယူးကလီးယားလျှပ်စစ်မီးစက်ရုံပေါင်း ၄၄၀ ဟိပါရေ။ စက်ရုံတည်ဟိရေ နိုင်ငံပေါင်း ၃၁ နိုင်ငံထဲက ၁၇ နိုင်ငံရေ (ဥပမာ - ဂျပန်၊ ဂျာမနီ၊ ဖင်လန်) ယင်းသူရို့ လိုအပ်တေစွမ်းအင်၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို နယူးကလီးယားဓာတ်အားက ရဟိနိန်ကတ်စွာဖြစ်ပါရေ။ ဘယ်လ်ဂျီယံ၊ ဘူဂေးရီးယား၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ တောင်ကိုးရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဆလိုဗေးနီးယား နာင့် ယူကရိန်းနိုင်ငံတိဆိုကေ သူရို့နိုင်ငံ၏စွမ်းအင်လိုအပ်ချက် သုံးပုံတစ်ပုံကျော်အတွက် နယူးကလီးယားလျှပ်စစ်စက်ရုံတိကို မှီခိုနိန်ကတ်ရပါရေ။ ပြင်သစ်၊ လစ်သူယေးနီးယားနာင့် တချို့နိုင်ငံတိဆိုကေ ပိုတောင်ဆိုးပါရေ။ နယူးကလီး ယား ဓာတ်အားက သူရို့၏စွမ်းအင်လိုအပ်ချက် ၇၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပီးနိန်စွာဖြစ်ပါရေ။ အမေရိကန်ပြည်ထောင်စုကတော့ခါ ကမ္ဘာမှာ နယူးကလီးယားဓာတ်အားပီးစက်ရုံ အဟိဆုံးနိုင်ငံဖြစ်ပါရေ။ ယေကေလေ့ သူ့နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်က ကမ္ဘာမှာ အကြီးဆုံးဖြစ်စွာကတကြောင်း၊ နယူးကလီးယား ဓာတ်ပေါင်းဖိုတိ အသစ်ဆောက်ဖို့ကိစ္စတိ အကောင်အထည်မပေါ်လာစွာက တကြောင်းတိကြောင့် အဂုအချိန်ထိ တနိုင်ငံလုံးစွမ်းအင်လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းကိုရာ နယူးကလီးယားဓာတ်အားပီးစက်ရုံတိက ပံ့ပိုးပီးနိုင်ကတ်ပါရေ။

နယူးကလီးယားဓာတ်အားသုံး ယဉ်တိ
ရုရှား၊ အမေရိကန်ပြည်ထောင်စု စရေနိုင်ငံတိရေ လေယဉ်တင်သင်္ဘောတိ၊ ရီငုပ်သင်္ဘောတိစရေ ကကောင်း ကြီးရေ ယဉ်တိ ခုတ်မောင်းဖို့အတွက် “နယူးကလီးယားဓာတ်အားသုံးစက်” (nuclear powered engine)ကို အသုံးပြုကတ်ပါရေ။ ကကောင်းကြီးရေယဉ်တိမှာပဲ သုံးလို့ရရေ ဆိုစွာကလည်း အကြောင်းဟိပါရေ။ နယူးကလီးယားစက်ရေ လည်ပတ်နိန်စိုင်မှာ အာလဖာ(alpha)၊ ဘတ်တာ(beta)၊ ဂမ်မာ(gamma)စရေ လူကို အန္တာရာယ်ပြုစီရေ ရောင်ခြည်တိကို ထုတ်လွှတ်ပါရေ။ ယင်းအတွက်ကြောင့် ယင်းရောင်ခြည်တိကို ထိန်းချုပ်ကာကွယ်ဖို့အတွက် နယူးကလီးယားစက်ကို ကွန်ကရိတ်တိနာင့် ၀ိုင်းပြီးကေ ကာရပါရေ။ ကာထားရေ ကွန်ကရိတ်ရေ ပေပေါင်းများစွာ ထူရေအတွက်နာင့် ကကောင်းလီးပါရေ။ ယင်းအတွက်နာင့် သာမန်ကား အငယ်ချေတိမှာ သုံးစွဲလို့မရဘဲ ကြီးမားရေ ယဉ်တိမှာရာ သုံးစွဲလို့ ရခြင်းဖြစ်ပါရေ။ လေယဉ်တင်သင်္ဘောတိ၊ ရီငုပ်သင်္ဘောတိအတွက် လိုအပ်တေ လောင်စာကို ထုတ်ပီးဖို့အတွက် ယူရေနီယံ ၁ ပေါင် (သုည ဒသမ ၅ ကီလိုဂရမ်)ပဲ လိုအပ်ပါရေ။ (အရွယ်အစားအားဖြင့်ဆိုကေ တန်းနစ်ဘောလုံး တစ်လုံးအရွယ်လောက်ပါ။) တကယ်လို့ရာ ယင်းယဉ်တိအနိန်နာင့် နယူးကလီးယားစက်ကို မသုံးဆိုကေ ငါးထပ်တိုက်အဆောက်အဦးနာင့် ညီမျှရေ ဓာတ်ဆီဂါလံ သန်းပေါင်းများစွာကို သယ်ဆောင်လားနိန်ရဖို့ ဖြစ်ပါရေ။

နယူးကလီးယားစွမ်းအင်ကို ဇာပိုင်အသုံးချရဖို့လဲဆိုစွာကို ယှာဖွေတိဟိမှုရေ လျှပ်စစ်မီးနာင့် စွမ်းအင်ကဏ္ဍအတွက် ပြောင်းလဲမှုတိကို ဆောင်ကြဉ်းပီးခစွာကတော့ အမှန်ပါပျာယ်။ အသုံးချဖို့မသိခင်က သိပ္ပံပညာရှင်တိရေ နယူးကလီးယားစိတ်ခြမ်းမှုကို ဇာပိုင်ထိန်းချုပ်ဖို့လဲ၊ ထွက်လာရေ နယူးကလီးယားအားတိကို ဇာပိုင်စုစည်းဖို့လဲ၊ တကယ်လို့ မတော်တဆ accidentတိနာင့် အန္တာရာယ်ကြီးရေ ရောင်ခြည်တိ လူတိပါးကို မကျရောက်အောင် ဇာပိုင်ကာကွယ်ဖို့လဲဆိုစွာတိကို သေချာစိုင်းစား ကြံဆခကတ်ရ ပါရေ။ ယင်းပိုင်နာင့် နှစ်တိကြာလာရေနောက်ပိုင်းမှာလည်း သုံးပြီးသား ယူရေနီယံ အကြွင်းအကျန်တိကို ဇာမှာမြုပ်ကတ်ဖို့လဲနာင့် တခြားဘေးအန္တာရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စတိကလည်း နယူးကလီယား စွမ်းအင်ကို ဆထက်တပိုး သုံးသင့်မသုံးသင့် ဆုံးဖြတ်တေအခါတိုင်းမှာ အရေးကြီးရေနိန်ရာက ရပ်တည်လျက် ဟိနိန်ပါကြောင်း...

Thomson Gale စာအုပ်တိုက်က ၂၀၀၇ခုနှစ်က ထုတ်ဝေရေ စာရွီးဆရာမBonnie Juettner's Nuclear Power စာအုပ်ထဲက What Is Nuclear Powerအပိုင်းကို သင့်လျော်အောင် ဘာသာပြန်ထားပါသည်။

0 comments:

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial