Pages

Tuesday, December 15, 2009

လူတစ်ယောက် ဆငန်ရီသောက်မိကေ ဇာဖြစ်လီဖို့လဲ

ဇာလောက်သောက်မိလဲ အပေါ်မှာ မူတည်ပါရေ။ အနည်းချေသောက်မိကေတော့ ပြဿနာမဟိပါ။ ဇာဖြစ်လို့လဲဆိုကေ လူ့ခန္ဓာကိုယ်ဆိုစွာကလည်း ဆားဓာတ်လိုစွာပါပျာယ်။ အမေရိကန်ပြည်ထောင်စုမှာဟိရေ Salt Instituteအဆိုအရ လူတစ်ယောက်ရေ တစ်နိန့်မှာ ပျမ်းမျှ ဆား ၅၀၀ မီလီဂရမ် လိုအပ်တေလို့ဆိုပါရေ။ နိန်ပုံထိုင်ပုံ၊ မျိုးရိုးဗီဇ၊ ရောက်ဟိနိန်ရေ နိန်ရာနာင့် တခြားအချက်အလက်တိအပေါ်မှာလည်း မူတည်ပါသိရေ။ ပြဿနာက လူတိက ယင်းချင့်ထက် ပိုပြီးကေ ဆားကို သုံးစွဲနိန်ကတ်လို့ပါ။ အမေရိကန်နိုင်ငံသားအများစုရေ တစ်နိန့်မှာ ပျမ်းမျှ ဆား ၃၅၀၀ မီလီဂရမ်သုံးစွဲကတ်ပါရေ။ ယင်းပိုင်ပျာယ် ဆငန်ရီကိုလည်း အများကြီးသောက်မိကေတော့ မကောင်းပါ။ ဇာကြောင့်မကောင်းလဲဆိုစွာက အေပိုင်ပါ။

ဆငန်ရီမှာပါရေ ဆားပါဝင်နှုန်းရေ ခန္ဓာကိုယ်မှာဟိရေ အရည်တိ၏ ဆားပါဝင်နှုန်းထက် ၄ ဆက်ကျော်များပါရေ။ ယင်းအပြင် လူ့ခန္ဓာကိုယ်ထဲမှာ အော့စ်မို့စစ်(osmosis)လို့ ခေါ်ရေ လုပ်ငန်းရပ်(process)တစ်ခုဟိပါရေ။ ယင်း processက လူ့ခန္ဓာကိုယ်ထဲမှာ ရီဓာတ်ပါဝင်မှုများရေ နိန်ရာကအရည်တိကို နည်းရေနိန်ရာကို အမြှီးပါးတိကတဆင့် ပို့ဆောင်ပီးပါရေ။ ဆငန်ရီကို သောက်လိုက်ကေ ရီဓာတ်တိများနိန်ရေ ခန္ဓာကိုယ်ထဲက အရည်တိဟိရေနိန်ရာကနိန် ဆားဓာတ်များပြီးကေရီဓာတ်နည်း နိန်ရေ အစားအိမ်အူလမ်းကြောင်းထဲကို ရောက်ဟိလားပါရေ။ ယေခါအစာအိမ်အူလမ်းကြောင်း က ယင်းအရည်တိကို ပြန်ကန်ထုတ်ပြီးကေ ရီဓာတ်အလွန်အမင်းဆုံးရှုံးမှု(Dehydration)ကို ဖြစ်ပေါ်စီပါရေ။ ယင်း၏အကျိုးဆက်အနိန်နာင့် သတိမိခြင်း၊ 'တ'ခြင်း၊ ဦးဏှောက်ထိခိုက်ခြင်းအပြင် အသက်ဆုံးရှုံးခြင်းကိုပါ ဖြစ်ပေါ်စီနိုင်ပါရေ။

1 comments:

Unknown said...

ဆငန်ရီ တော အများ မသောက်ပါ၊ အချေခါ ထမရီ တော့ ဆားပါ၊ သကြားပါ ခတ်လို့  မကြာမကြာ နှက်ပါရေ။ အန်တန်သောက် ကောင်းပါရေ၊ တခါတခါ မုန့် တီထက်ပင် ကောင်းပိုင် တွိပါယင့်။ အခုပိုင် ဗဟုသုတ ဆီးစာ တပိုဒ် ဖတ်ရလို့  အခု ဆငန်ရီ ကို မကြောက်လိုက် ပါဗျာထော၊ ကျေးဇူး တင်ပါယင့်။

Post a Comment

 
© Copyright by AS  |  Template by Blogspot tutorial